၂၁ ဩဂုတ်
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က F-16 တိုက်လေယာဉ်များကို ထိုင်ဝမ်သို့ ရောင်းချရန် တရားဝင် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အန်အိတ်ချ်ကေသတင်းတစ်ရပ်အရ သိရသည်။
အိမ်ဖြူတော်က အမေရိကန်ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ လေယာဉ် ၆၆ စင်း ရောင်းချမည့် အစီအစဉ်ကို ဉပဒေပြုလွှတ်တော်တွင် ထောက်ခံပေးရန် ယမန်နေ့က အကြောင်းကြားခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကြားရှိ သမိုင်းဝင် ရင်းနှီး ဆက်ဆံမှုနှင့် ထိုင်ဝမ်အပေါ်ထားရှိခဲ့သော အမေရိကန်၏ မူဝါဒဟောင်းများနှင့်လည်း ကိုက်ညီမှု ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက တနင်္လာနေ့က ပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ ရောင်းချမှုသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်နှောက်ယှက်သည့် သဘောကို ဆောင်သည့်အတွက် အမေရိကန်အနေနှင့် ယင်းစီမံကိန်းကို ပြန်လည်ရုပ်သိမ်းပေးရန် ပေကျင်းက တိုက်တွန်းပြောကြားခဲ့သည်။
ထိုင်ဝမ်၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းဆောင်မှုကို ဆက်လက်ထိန်းထားနိုင်ရန် အကူအညီပေးမည် ဖြစ်ကြောင်းနှင့် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ”နှင့်ပတ်သက်၍ အမေရိကန်၏ သဘောထား ပြောင်းလဲခြင်း မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောခဲ့သည်ဟု သိရသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်


