နေပြည်တော် ၂၅ သြဂုတ်
ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်က နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင်အမှတ် ၁၇၀/၆-၁၇၀/၇ အကြားတွင် မော်တော်ယာဉ်တစ်စီး နောက်ဘီးပြုတ်ထွက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ကိုဝင်းကျော်မိုး (၂၁)နှစ်၊ ဒိုက်ဦးမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 9G/---- surf ခဲရောင် မော်တော်ယာဉ်သည် နောက်ဘီးပြုတ်ထွက်ပြီး လမ်းဘေး မြေသားလမ်းပေါ်တွင် ပက်လက်လန် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ကျား (၄) ဦးနှင့် သံဃာ(၂)ပါးအနက် ကျား (၃) ဦးသေဆုံး၍ သံဃာ (၁) ပါး ပျံလွန်သွားပြီး ယာဉ်မောင်းနှင့် သံဃာ (၁) ပါးတို့မှာ ထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရသည်။ 
အခင်းဖြစ်ပွားရာသို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သာဂရ စခန်း မှ တပ်ဖွဲ့ဝင်များနှင့် သာဂရ အမြန်လမ်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အထောက်အကူပြု အဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
MDN
Credit> အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

 

mdn