ဝမ်းတွင်း ၂၇ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တောင်ဇဂျမ်းကုန်းကျေးရွာ လမ်းခွဲအနီး ရန်ကုန်မန္တလေး မိုင်တိုင် အမှတ် (၃၅၃/၄) နှင့် (၃၅၃/၅) ကြားတွင် ဩဂုတ်(၂၆)ရက်နေ့ ည(၈)နာရီခန့်က စက်ချွတ်ယွင်းသဖြင့် လမ်း၏ညာဘက်ခြမ်းတွင်ရပ်ထားသော(၂၂)ဘီးယာဉ်အား မော်တော်ဆိုင်ကယ်မှ နောက်ကဝင်တိုက်ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ် တောင်ဇဂျမ်းကုန်းကျေးရွာလမ်းခွဲအနီး ရန်ကုန်-မန္တလေးမိုင်တိုင်အမှတ် (၃၅၃/၄)နှင့် (၃၅၃/၅) ကြား ယာဉ်မောင်း နေမျိုး မောင်းနှင်လာသော9L/---- NESSAN DIESEL GK4XAB အပြာရောင်ယာဉ်သည် စက်ချွတ်ယွင်းပြီးလမ်း၏ညာဘက်ခြမ်းတွင် ရပ်တန့်ထားစဉ် လားရာတူအတိုင်း ကျော်ကျော်ထွန်း တစ်ဉီးတည်းမောင်းနေလာသော Wave-110 မော်တော်ဆိုင်ကယ်က နောက်ဝဲဘက်ခြမ်း ဝင်ရောက်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းလာသူ ကျော်ကျော်ထွန်းတွင် ဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဝမ်းတွင်းမြို့မရဲစခန်းမှ ကျော်ကျော်ထွန်းနှင့် ယာဉ်သွား/ယာဉ်လာလမ်းပေါ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းအောင် အဟန့်အတားများ ပြုလုပ်၍ ရပ်ထားခြင်းမရှိသူ ကိုနေမျိုးအား ဉပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)


