နေပြည်တော် ၃၁ သြဂုတ်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်၊ မြန်မာစံတော်ချိန် ည(၉)နာရီ၊ (၃၉)မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ (ရွှေဘိုမြို့၏အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅.၅၆) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


