နေပြည်တော် ၁ စက်တင်ဘာ
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၇)နာရီ၊ (၄၁)မိနစ်၊ (၅၆) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၂၄) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း၊ (ရေဉီးမြို့၏ မြောက်ဘက် (၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅.၄၃) ဒီဂရီ၊ အနက်(၁၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာန


