ကျောင်းကုန်း ၄ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဖုန်းဆိုးအုပ်စု ကျားကိုက်ချောင်းကျေးရွာတွင် လိုင်စင်မဲ့အရက်များ လက်ဝယ်တွေ့ရှိသူအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အမှုမှာ တရားလို မင်းမနိုင် ရဲကင်းစခန်း မှဒုရဲအုပ် ဇေယျာမောင်မောင် နှင့်တပ်ဖွဲ့ဝင်များ၊ ကျားကိုက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှုး၊ ရာအိမ်မှုးများနှင့်အတူ ဖုန်းဆိုးအုပ်စု ကျားကိုက်ချောင်းကျေးရွာနေ ဦးအောင်ခိုင်၏ နေအိမ်တွင် တရားမဝင် လိုင်စင်မဲ့အရက်များ လက်ဝယ် သိုလှောင်ထားကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရှာဖွေရာ နေအိမ်ဈေးဆိုင်အတွင်း၌ တရားမဝင် လိုင်စင်မဲ့ အရက်များ တွေ့ရှိရ၍ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ ကျောင်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


