နေပြည်တော် ၄ စက်တင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တော ဦးစီးဌာနများမှ ဖမ်းဆီးရမိသည့် စာရင်းများအရ တရားမဝင် ကျွန်း ၇၁ ဒသမ ၂၇၇၂ တန်၊ သစ်မာ ၃၂ ဒသမ ၈၄၇၀ တန်၊ အခြား ၆၆ ဒသမ ၈၈၀၇ တန်ဖြစ်ရာ စုစုပေါင်း ၁၇၁ ဒသမ ဝ၀၄၉ တန်၊ ပြစ်မှုကျူးလွန်သူ ၅၅ ဦးနှင့် ယာဉ်/ယန္တရား ၃၆ စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုများတွင် သြဂုတ် ၂၉ ရက် က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ/ ယင်းမာပင်ခရိုင် ကနီမြို့နယ် ကျွန်းကလေးကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်သစ်လုံးနှင့် ခွဲခြမ်း ၁၁ ဒသမ ၁၈၄၁ တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


