နေပြည်တော် ၄ စက်တင်ဘာ 


မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအနောက်ဘက် ပင်လယ်ကမ်းစပ်တွင် စက်တင်ဘာ ၄ ရက် နံနက် ၈ နာရီက ပိုင်ရှင်မဲ့လှေ(၁)စီး တွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလျားပေ(၆၀)၊ အနံ(၁၈)ပေ၊ အမြင့်ပေ(၂၀)၊ ရေစူး(၁၂)ပေခန့်ရှိ မြင်းကောင်ရေ (၁၈၀) အင်ဂျင်တပ်ဆင်ထားသော ဝါးလက်လှေတစ်စီးအား ပိုင်ရှင်မဲ့တွေ့ရှိရကြောင်း၊ အဆိုပါလှေမှာ ဝဲဘက်နှင့်ယာဘက် ပျဉ်ကာများကွဲအက်၍ ခါးကျိုးကာ ရေများစိမ့်ဝင်နေကြောင်းနှင့် လှေပေါ်၌ သေဆုံးပုပ်ပွနေသည့် ကျွဲ၊ နွားအကောင် (၅၀)ခန့်အား တွေ့ရှိရ၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 


သတင်းစဉ်