လှည်းကူး ၅ စက်တင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီးပေါ်မှ တရားမဝင်ကျွန်းခွဲသားများ တင်ဆောင်လာသော ဇိမ်ခံယာဉ်တစ်စီး ဖမ်းမိခဲ့ကြောင်း သိရသည်။

အမြန်လမ်းတစ်လျှောက် တရားမဝင် သစ်ဖမ်းဆီးခြင်းဆောင်ရွက်နေစဉ် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်က ပဲခူးဘက်မှ မောင်းနှင်လာသော ယာဉ်သည် မိုင်တိုင်အမှတ်၂၀/၅ မှ အမြန်လမ်းဟောင်းအတွင်း မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရေးအဖွဲ့မှ မသင်္ကာ၍လိုက်ပါဖမ်းဆီးခဲ့ရာ တရာမဝင် ကျွန်းခွဲသား(၁၇)ချောင်း၊ ဝ ဒသမ ၈၅၆၄ တန် တင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ထားပြီး ယာဉ်မောင်းယာဉ်ပိုင်ရှင်နှင့် သစ်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

လူအောင်(ကသာ)

 

mdn