နေပြည်တော် ၅ စက်တင်ဘာ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက်၁၀ နာရီခွဲ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေမြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက် တည်ရှိနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်း နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေဝသခန့်မှန်းချက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်သည်။

အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။

ရေပြင်လေ။ အနောက်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။

လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။

လှိုင်းအမြင့်။ (၉)ပေမှ (၁၃)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေဝသခန့်မှန်းချက် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်သည်။

အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ။ တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။

လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။

လှိုင်းအမြင့်။ (၉)ပေမှ (၁၃)ပေခန့်။

MDN