နေပြည်တော် ၈ စက်တင်ဘာ
စက်တင်ဘာ ၇ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ (၂၄)ရပ်ကွက်၊ အမှတ်(၄)လမ်း၊ Denko စက်သုံးဆီအရောင်းဆိုင်၊ အရှေ့လမ်းဘေးတွင် ရပ်နားထားသော ကွန်တိန်နာယာဉ်အား Light Truck မှ နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ ရပ်နားထားသော GNC အမျိုးအစား (၂၂)ဘီး ကွန်တိန်နာယာဉ်(အဖြူရောင်)၏ အနောက်ဖရိန်တန်းအား အင်းစိန်ဘက်မှ မှော်ဘီဘက်သို့ အမှတ်(၄)လမ်းအတိုင်း မောင်းနှင်လာသော Light Truck အမျိုးအစား(အဖြူရောင်)ယာဉ်သည် နောက်မှဝင်တိုက်မှုဖြစ်ပွား၍ Light Truck ယာဉ်ပေါ်ရှိ ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူ အမျိုးသား (၂)ဦး ကားခေါင်းခန်းအတွင်း ညှပ်မိနေကြောင်း သတင်းရရှိသဖြင့် မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ ရွှေပြည်သာစက်မှုဇုန်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်း(မစိုးရိမ်ရ)အား Golden Star လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့်လည်းကောင်း၊ လိုက်ပါစီးနင်းသူ(သေဆုံး)အား တညင်းကုန်းအိမ်ရာ နာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်ဖြင့်လည်းကောင်း အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
MDN
ဓာတ်ပုံ- MFSD


