တောင်သာ   ၉  စက်တင်ဘာ 


မိတ္ထီလာ- တောင်သာသွားကားလမ်းတွင် ယနေ့နံနက် ၆ နာရီ ခွဲအချိန်ခန့်က ယာဉ်တစ်စီး တိမ်းမှောက်၍ လေးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုံးစည်ကြီးရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာ အောင်မင်္ဂလာရေကန်အနီး တောင်သာ-မိတ္ထီလာကားလမ်း မိုင်တိုင်အမှတ် ၃၀/၂ နှင့် ၃ အကြားတွင် မိတ္ထီလာမြို့ဘက်မှ တောင်သာမြို့ဘက်သို့  ယာဉ်မောင်း ရန်နိုင်အောင်သူ မောင်းနှင်ပြီး ခရီးသည် အမျိုးသား  ခုနစ်ဦး၊ အမျိုးသမီး ငါးဦး လိုက်ပါလာသော ယာဉ်မှာ ဝဲဘက်ရှေ့ဘီးပေါက်၍ ကားလမ်း၏ ဝဲဘက်ချိုင့်အတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်ပေါ်ပါ  အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည်များအနက် ယာဉ်မောင်းအပါအဝင် ခရီးသည် ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ရန်နိုင်အောင်သူအား ရုံးစည်ကြီး နယ်မြေရဲစခန်းမှ အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။


ဘိုဘို(မလှိုင်)

 

e IMG-ee9