နေပြည်တော် ၁၁ စက်တင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂ ရက်မှ ၈ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိသည့် စာရင်းများအရ ကျွန်းသစ် ၁၅၈ ဒသမ ၈၅၃၁ တန်၊ သစ်မာ ၁၉၄ ဒသမ ဝ၄၇၄ တန်နှင့် အခြားသစ် ၁၈၅ ဒသမ ၁၉၁၀ တန်ဖြစ်ရာ တရားမဝင်သစ် စုစုပေါင်း ၅၃၇ ဒသမ ၈၂၁၅ တန်၊ ပြစ်မှုကျူးလွန်သူ ၄၃ ဦးနှင့် ယာဉ်/ယန္တရား ၂၃ စီးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိမှုများတွင် စက်တင်ဘာ ၂ ရက်မှ ၃ ရက်အတွင်း ကယားပြည်နယ် ရှမ်း-ကယားနယ်စပ် နမ့်ဟွေလုံချောင်းဘေး ရှားတောမြို့နယ်အပိုင်းမှ ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်သစ်လုံး စုစုပေါင်း ၁၃၀ ဒသမ ၆၇၆၀ တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


