နေပြည်တော် ၁၂ စက်တင်ဘာ 

စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၌ ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ယာဉ်(၅)စီးအား ဝင်ရောက်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ် ရတနာလမ်းအတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်သည့် 1F/×××× ခရီးသည်တင်ယာဉ်သည် လမ်းပြောင်းပြန် မောင်းနှင်လာစဉ် ကုလားဘုရား မှတ်တိုင်အနီးအရောက်၌ မျက်နှာချင်းဆိုင်မှ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်နေ သက်လွင်ဦး (၂၇)နှစ် မောင်းနှင်လာသည့် CC/×××× Caldina(အငှား)ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ၎င်းမှ လမ်း၏ဝဲဘက်တွင် ရပ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၁)ရပ်ကွက်နေ  ဦးကျော်ရွှေလှိုင်(၅၁)နှစ် မောင်းနှင်သည့် 7H/×××× Probox(အငှား)ယာဉ်ပါ ၄ စီးအား ထပ်မံ၍ အဆင့်ဆင့်တိုက်မိခဲ့ပြီး အဆိုပါယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ၍ သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

MDN
ဓာတ်ပုံ- ရဲပြန်ကြား