နေပြည်တော် ၁၂  စက်တင်ဘာ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာတွင် စိတ်ကြွရှုးသွပ် ဆေးပြား ၉၇၅၀ဝ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၁၁ ရက် နံနက် ၅နာရီခွဲက မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာနေ အဘူကာ ဆိမ်း၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ညီဖြစ်သူ ဂူရာဆန်၊ သားဖြစ်သူ မိုဟာမတ် အီလီယက်၊ သားမက် ဖြစ်သူ ရှော်ဖီအုလ်စလင် (ခ)ဂျောလူ၊ မာမတ်အီနု၊ ရှောင်ရှူးအာလောင် တို့အားတွေ့ရှိရပြီး နေအိမ်နှင့် ကားဂိုဒေါင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇,၅၀ဝ  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ (၆)ဉီးအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

သတင်းစဉ်