နမ္မတူ ၁၃ စက်တင်ဘာ


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ SKAT အမျိုးအစား၊ အဖြူရောင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ယမန်နေ့မွန်းလွဲ  ၁၂ နာရီ  ၄၅ မိနစ်အချိန်ခန့်က လမ်းဘေးပေ ၃၀ဝ ခန့် ချောက်ထဲသို့ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မန်တုံမြို့မှ နမ္မတူမြို့သို့ ယာဉ်မောင်း လာမာသား မောင်းနှင်လာသော SKAT အမျိုးအစား၊ အဖြူရောင်ကားသည် အရှိန်မထိန်းနိုင်ဘဲ ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က နမ္မတူ-ဘော်တွင်းသွားလမ်း မိုင်တိုင်အမှတ် (၂) မိုင်ကွေ့တွင် လမ်းဘေးယာဘက် ပေ ၃၀ဝ ခန့် ချောက်ထဲသို့ ထိုးကျခဲ့ပြီး ယာဉ်မောင်းမှာ ကားခေါင်းခန်းတွင်ပိညပ်လျှက် အခင်းဖြစ်နေရာတွင် သေဆုံးနေကြောင်း သိရသည်။


သို့ဖြစ်ပါ၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ မာလာသားကို နမ္မတူမြို့နယ် မြို့မရဲစခန်းက အမှူဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။


လူမော် (ပြန်/ဆက်)