မိုးမောက် ၁၄ စက်တင်ဘာ
ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ် ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (7-KM) တွင် Nissan (အဖြူရောင်) ၆ ဘီးယာဉ်သည် လွယ်ဂျယ်မှ မိုးမောက်ဘက်သို့ မောင်းနှင်လာစဉ် အရှေ့ယာဘီးပေါက်ပြီး လမ်း၏ ယာဘက်ဘေး မြေသားနံရံအား တိုက်မိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ မိုးမောက်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ (၄) ဦးအနက် အမျိုးသမီး (၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် စေတနာမိုး လူမှုကူညီရေးအသင်းယာဉ်ဖြင့် မိုးမောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
MDN
ဓာတ်ပုံ- MFSD


