နေပြည်တော် ၁၄ စက်တင်ဘာ
ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့၊ ဈေးတန်းကွက်သစ်ရပ်ကွက်၌ စက်တင်ဘာ ၁၃ ရက် နံနက် ၇ နာရီ ၄၅ ခန့်တွင် မိသားစုဝင်လေးဦး အဆိပ်သောက်၍ သေဆုံးနေကြောင်း သတင်းအရ မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နေအိမ်အိပ်ခန်းအတွင်း၌ ဦးအားမြာ(၄၆)နှစ်၊ ၎င်း၏ဇနီး ဒေါ်အီနား(၄၈)နှစ်၊ သားဖြစ်သူ မောင်ထောမေ(၁၅)နှစ်နှင့် မောင်နေလင်းထွန်း(၈)နှစ် လေးဦးတို့မှာ နှာခေါင်းမှ အမြှုပ်/သွေးပုပ်ရည်များထွက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် အလောင်းများအား မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ဖြစ်စဉ်မှာ ဦးအားမြာနှင့် ဒေါ်အီနားတို့သည် စားဝတ်နေရေးအဆင်မပြေသောကြောင့် လားဟူတိုင်းရင်းသားအခေါ် နံငိုပင်(အဆိပ်ပင်)၏ အမြစ်နှင့်အရွက်တို့အား ကျိုချက်၍ သား/သမီးများအား ဦးစွာတိုက်ကျွေးပြီး ၎င်းတို့ ၂ ဦးမှာ နောက်ဆုံးမှသောက်၍ အိပ်ယာဝင်ခဲ့ကြောင်း၊ ခဏအကြာတွင် မနောမိ(၁၃)နှစ်နှင့် မောင်ဆီလှ(၉)နှစ်တို့ ၂ ဦးမှာ အော့အန်ပြီး ပြန်အိပ်ခဲ့ကြောင်းနှင့် မနောမိနှင့် မောင်ဆီလှတို့ အိပ်ယာနိုးချိန်တွင် ကျန်မိသားစုဝင် ၄ ဦးမှာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် မိုင်းဖြတ်မြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၉)ဖြင့် ရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


