ရန်ကုန် ၁၆ စက်တင်ဘာ
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ) မြောက်ရပ်ကွက်၊ လေးဒေါင့်ကန်လမ်းမကြီးတွင် ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်က မော်တော်ယာဉ်(၁)စီး လမ်းဘေးရှိဓါတ်တိုင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် သွားရောက်ကူညီဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဉီးစီးဌာနမှ သိရသည်။
ညနေ ၄ နာရီ ၄၅ မိနစ် အချိန်တွင် လူ(၂)ဦး ညပ်မိနေကြောင်းသတင်းရရှိသဖြင့် တောင်ဥက္ကလာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့် မြောက်ဥက္ကလာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး သွားရောက်ကူညီဆောင်ရွက်လျက်သည်။
MDN
Source- Myanmar Fire Service


