မိုးညှင်း  ၂၀ စက်တင်ဘာ


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ရထားကြိတ်သေဆုံးနေကြောင်း သိရသည်။


ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မိုးညှင်းမြို့မရဲစခန်းမှ ဒုရဲအုပ် သူရိန်ဦး ဦးစီးသော အဖွဲ့သည် လူတစ်ဦး ရထားကြိတ်သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ မန္တလေး-မြစ်ကြီးနားသွား ရထားလမ်း မိုင်တိုင်အမှတ် ၆၃၃/၆ နှင့် ၇ ကြားတွင် မိုးညှင်းမြို့၊ နတ်ကြီးကုန်း ရပ်ကွက်နေ ဇော်မျိုးဝင်း ဆိုသူသည် ရထားကြိတ်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းသည် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနှိုင်ရန် မိုးညှင်းမြို့ရဲစခန်းမှသေမှု သေခင်း ရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)