ကောလင်း ၂၁ စက်တင်ဘာလ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၌ ကောလင်း-ပင်လည်ဘူးသွားကားလမ်း၊ ဝါးရုံးတုံးရပ်အနီးတွင် စက်တင်ဘာ ၁၉ ရက်နေ့က တရားမဝင်သစ် တင်ဆောင်လာသော ကားတစ်ဆီးကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကောလင်းစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ထွန်းထွန်း၊ရဲတပ်ကြပ် ကျော်သန်းဝင်းတို့နှင့်ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ကျော်မောင်နှင့်တောခေါင်း ကျော်ဇင်ဟိန်းတို့ ပူးပေါင်းပါဝင်သောအဖွဲ့တို့သည် ကောလင်း-ပင်လည်ဘူးသွားကားလမ်း ဝါးရုံးတုံးရပ်အနီး စောင့်ဆိုင်းနေစဉ် ပင်လည်ဘူးဘက်မှကောလင်းဘက်သို့ ယာဉ်မောင်း ဂေါ်ရာ(၅၃)နှစ် မောင်းနှင်လာသည့် အဖြူရောင် (၄) ဘီးယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တမလန်းဓားရွေ(၁၄)တုံး၊ (ဝ ဒသမ ၇၁၇) တန် ဖမ်းဆီးရမိပြီး တရားမဝင် သစ်များတင်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်ကို လိုင်စင်ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့ပြန်/ဆက်မှ သိရသည်။
MDN


