နေပြည်တော် ၂၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ၌ ပေါက်ကွဲမှုဖြစ်ပွား၍ ရရှိသောဒဏ်ရာများဖြင့် ကလေးတစ်ဉီး ဆေးရုံတက်ရောက်ကုသနေကြောင်း သတင်းအရ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာနေ ဇေယျဖြိုး(၉)နှစ် ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်အား စုံစမ်းရာ ဇေယျဖြိုးသည် နေအိမ်၌ လွန်ခဲ့သော ၁ လခန့်က လမ်းမှ ကောက်ယူလာသော ဒီတိုနေတာအား ဆော့ကစားနေစဉ် အတွင်းမှ အမှုန့်များထွက်လာသည်ကို တွေ့ရှိ၍ ထွန်းထားသော ခြင်ဆေးခွေပေါ်သို့ ဖြူးချရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
MDN


