ရန်ကုန်    ၂၄    စက်တင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် နယ်မြေ(၁၀)၊မြို့ပတ်လမ်း၊ အမှတ်(၅၁၇)၊ ဒေါ်ရီရီဝင်း နေအိမ်၌ စက်တင်ဘာလ(၂၃)ရက် ည ၁၀ နာရီခွဲခန့်က လျှပ်စစ်မီးပျက် နေချိန်တွင် ဘုရားမီးပူဇော်ရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းကြောင်းသတင်းရသဖြင့် မီးသတ် ယာဉ်(၁၃)စီး၊အထောက်အကူပြုယာဉ်(၆)စီး၊အုပ်ချုပ်မှုယာဉ်(၁)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄၅)ဦး၊အရန် မီးသတ်တပ်ဖွဲ့ဝင်(၄၀)ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၃၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ၁၀ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ရာ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် သွပ်မိုးပျဉ်ခင်း၊ထရံကာ နေအိမ်တစ်လုံးနှင့် ဘေးရှိ ဦးစဂျူလိုင်မိုး၏နေအိမ် သို့ မီးကူးစပ်ခဲ့ပြီး CHIGO Air Con တစ်လုံး၊ ဘုရားစင်တစ်ခု၊FUJI အမျိုးအစား ရေခဲသေတ္တာတစ်လုံး၊ ငွေစက္ကူ(၃)သိန်းခန့်ရှိ စုဗူးတစ်လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)