ရန်ကုန် ၂၇ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သသ်(ဆိပ်ကမ်း)မြို့နယ်၌ အကြွေးတောင်းရာမှ လူသေမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၈)ရပ်ကွက်၊ပေါ်ဆန်းလမ်းနေ အောင်ထက်ဆိုသူသည် စက်တင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်က အမှတ်(၈၂)ရပ်ကွက်၊ မြနန္ဒာလမ်း(ကျူး)တွင်နေထိုင်သော အငယ်လေးဆိုသူ၏ နေအိမ်သို့ရောက်ရှိပြီး အကြွေး ၂၀ဝဝ တာင်းရာမှ စကားများရန်ဖြစ်ကြပြီး အောင်ထက်မှ အငယ်လေးအား အရှည်(၃)ပေခန့်ရှိ ဝါးဆစ်တုတ်ဖြင့် ရိုက်ရာ ပေါက်ပြဲဒဏ်ရာများ ရရှိပြီးလဲကျ သွားသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ဆေးကုသခဲ့သည်။
ဖြစ်စဉ်အရ ဝါးဆစ်တုတ်ဖြင့် အပြင်းအထန် ဒဏ်ရာရရှိအောင် ပြုလုပ်သူ အောင်ထက်အား အမှုဖွင့်ခဲ့ပြီး ဆေးရုံရှိလူနာအခြေအနေကို စောင့်ကြည့်ခဲ့ရာ ၎င်းမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကိုကြီးစိုး(ဆိပ်ကမ်း)


