၃ အောက်တိုဘာ

 

 

အေကေ၄၇ (AK-47)ရဲ့ ဖခင်ကြီး မီခေးလ် ကလပ်ရှ်နီကော့ဗ်ဟာ ၂၀၁၉ ခုနှစ်မှာ အသက် တစ်ရာပြည့်တဲ့အတွက် သူ့ရာပြည့်ပွဲကို ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပနေပါတယ်။ အေကေ၄၇ (AK-47) တည်ထွင်သူဟာ  မီခေးလ် ကလပ်ရှ်နီကော့ဗ်ဟာ လျှို့ဝှက်စွာ နေထိုင်တဲ့သူ ဖြစ်တဲ့အတွက် ၁၉၉၀ ခုနှစ်မှ လူအများက သိခွင့်ရရှိခဲ့ကြပါတယ်။ အေကေဟာ "Kalashnikov's Automatic" ရဲ့ အတိုကောက် ဖြစ်ပါတယ်။

 

 

အေကေ ၄၇ လက်နက်ကို ကမ္ဘာတစ်ဝန်းက အစိုးရရော သူပုန်ကပါ ရွေးချယ်ခဲ့ကြတာကို တွေ့ရပါတယ်။ အေကေ ၄၇ သေနတ် အလက်ပေါင်း သန်း ၁၀ဝ ကျော်ကို ရောင်းရခဲ့ပါတယ်။ အေကေ ၄၇ လက်နက်ကို အီရတ်နဲ့ ဆိုမာလီနိုင်ငံတွေက စစ်တပ် အပါအဝင် နိုင်ငံပေါင်း ၅၀ က စစ်တပ်တွေမှာ အသုံးပြုခဲ့ပါတယ်။

 

 

ကလပ်ရှ်နီကော့ဗ်ဟာ ဆိုဗီယက်ယူနီယံက ပေးအပ်တဲ့ ဆုတံဆိပ်ပေါင်းစုံကို ရရှိခဲ့သူဖြစ်ပြီး ၂၀ဝ၉ ခုနှစ်မှာတော့ ရုရှားအစိုးရက ပေးအပ်တဲ့ “ရုရှားရဲ့သူရဲကောင်း” ဆုကို ရရှိခဲ့ပါတယ်။

 

 

ဒီနေ့ခေတ်မှာ ထုတ်လုပ်နေတဲ့  အေကေ ၁၂၊ အေကေ ၁၅ လက်နက်တွေဟာ ကလပ်ရှ်နီကော့ဗ်ရဲ့ ၅ ဆက်မြောက် မျိုးဆက်တွေဖြစ်ပါတယ်။

 

 

အေကေ ၄၇ ဖခင်ကြီးရဲ့ သမီး နယ်လီ ကလပ်ရှ်နီကော့ဗ်က ၁၉၉၀ မတိုင်ခင်အထိ သူ့အဖေအကြောင်းကို မသိခဲ့သူ သူတို့မိသားစုက လျှို့ဝှက်စွာဘဲ နေထိုင်ခဲ့တယ်။ သူ့အဖေက အေးချမ်းတဲ့ လူတစ်ယောက်ဖြစ်တယ်။ ပညာတတ်တဲ့ လူတစ်ယောက်လို့ ပြောပါတယ်။

 

 

အေကေ ၄၇ ဖခင်ကြီး မိသားစုဟာ ငွေရေးကြေးရေးအရ အမြတ်အစွန်း မရရှိခဲ့ဘဲ သာမန်မိသားစု အနေဖြင့်သာ အီရှက်ဖ် မှာ နေထိုင်ခဲ့ကြောင်း သိရပါတယ်။

 

 

၂၀၁၃ ခုနှစ် အသက် ၉၄ နှစ်အရွယ်မှာ မီခေးလ် ကလပ်ရှ်နီကော့ဗ် ကွယ်လွန်ခဲ့ပါတယ်။

 

 

MDN

ကိုးကား - AFP