၄ အောက်တိုဘာ

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော် တောင်ပိုင်းတွင် ယမန်နေ့က လက်နက်ကြီးဖြင့် မဆင်မခြင်ပစ်ခတ်မှုဖြစ်ပွားသဖြင့် အမျိုးသမီးတစ်ဦးနှင့်၎င်း၏သမီး တို့ နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အရှေ့အခြေစိုက်သူပုန်အုပ်စု၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီးအခြား ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂကျောထောက်နောက်ခံအစိုးရအဖွဲ့က ယမန်နေ့အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

သူပုန်အုပ်စုက မြို့တော်ထရီပိုလီတောင်ပိုင်းရှိ အစိုးရတပ်ဖွဲ့များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အဆိုပါ နယ်မြေတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ပေါက်ကွဲသံများကိုလည်း ကြားခဲ့ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံတွင် ယခုချိန်ထိတိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထောင်ချီရှိသောပြည်သူများ သေဆုံးခဲ့ပြီး လူပေါင်း တစ်သိန်းနှစ်သောင်းကျော် အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို