၄ အောက်တိုဘာ

ဆွီဒင်နိုင်ငံသူ အသက် ၁၆ နှစ်အရွယ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးတက်ကြွလှုပ်ရှားသူ ဂရက်တာ သန်းဘတ်ခ် ကို ၂၀၁၉ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အဖြစ် နော်ဝေနိုင်ငံ လွတ်တော်အမတ် သုံးဦးက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ဂရက်တာသာ ၂၀၁၉ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖြစ်ခဲ့မယ်ဆိုရင် အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်လာမှာဖြစ်ပါတယ်။  ပါကစ္စတန်ရဲ့ မာလာလာ ငြိမ်းချမ်းရေး နိုဗယ်ဆုယူစဉ်မှာ အသက် ၁၇ နှစ်ရှိပြီဖြစ်ပါတယ်။

 

ေ

 

ဂရက်တာနဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း အမည်တင်သွင်းခံရပါတယ်။ ရှေ့သီတင်းပတ် အောက်တိုဘာ ၁၁ ရက်နေ့မှာ ဆုရှင်အမည်ကို ကြေငြာမှာဖြစ်ပါတယ်။

အမည်စာရင်းတင်သွင်းခံရသူတွေ နိုင်ငံရေးသမားများ၊ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ဝန်ထမ်းများ ဖြစ်ပြီး အဲဒီ အမည်စရင်းတင်သွင်းခံရသူတွေထဲမှ ဆုရှင်များ ဖြစ်လာကြပါတယ်။ အောက်တိုဘာလမှာ ဆုရှင်အမည်ကြေငြာပြီး ဒီဇင်ဘာလမှာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဆုပေးအပ်မှာဖြစ်ပါတယ်။

 

ေ

 

၂၀၁၉ ခုနှစ်အတွက် နိုဘယ်ဆုရှင်အဖြစ်အမည်တင်သူခံရသူ ပေါင်း ၃၀၁ ယောက်ရှိပြီး အဲဒီထဲက ၂၂၃ ဦးဟာ တစ်ဦးချင်းတစ်ယောက်ချင်းစီဖြစ်ပေမယ့် ၇၈ ခုဟာ အဖွဲ့အစည်းနာမည်တွေ ဖြစ်ကြောင်း နိုဗယ်ကော်မတီရဲ့ သတင်းဝက်ဆိုဒ်မှာ ရေးသားထားပါတယ်။

MDN
ကိုးကား - AFP & nobelprize.org