နေပြည်တော် ၄ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ငွေကျပ်သိန်း ၂၅၇၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် လဲချားမြို့တွင် ဆာလဖျူရစ်အက်စစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီက တမူးမြို့၊ တမူး-နန်းဖာလုံသွားကားလမ်းတွင် အောင်စိုး(ခ)မောင်စိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၇၅၀ သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ အောင်စိုး(ခ)မောင်စိုးနေထိုင်သည့် တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၉၉,၂၅၀၊ စုစုပေါင်း ငွေကျပ်သိန်း ၂၅၇၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၈၇,ဝ၀ဝ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့နံနက် ၁၀ နာရီ တပ်မတော်မှ လဲချားမြို့၊ နောင်ပန်ဘုန်းကြီးကျောင်း အနောက်ဘက်လမ်းတွင် မသင်္ကာဖွယ်ရာရပ်တန့်ထားသည့် Nissan ၁၂ ဘီး အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရာ လူတစ်ဦးတစ်ယောက်မျှမတွေ့ရှိဘဲ ၎င်းယာဉ်ပေါ်မှ ပလတ်စတစ်ပီပါ ၄၅ လုံးဖြင့်ထည့်လျက် ဆာလ်ဖျူရစ်အက်စစ် ၇,၂၀ဝ လီတာအား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


