မော်စကို အောက်တိုဘာ

လူလိုက်ပါလာသည့် ရုရှားအမ်အက်စ်- ၁၂ အာကာသယာဉ်သည် အောက်တို ဘာ ၃ ရက်တွင် အာကာသယာဉ်မှူး သုံးဦးနှင့်အတူ နိုင်ငံတကာ အာကာ သစခန်းမှ ထွက်ခွာသွားပြီး ယင်းနေ့ မှာပင် ကမ္ဘာမြေပြင်သို့ အောင်မြင်စွာ ဆင်းသက်လာနိုင်ခဲ့ကြောင်း ရုရှား အမျိုးသားလေကြောင်းကော်ပိုရေး ရှင်းက ပြောသည်။

 

လူလိုက်ပါလာ သည့် အမ်အက်စ်- ၁၂ အာကာသယာဉ်သည် ၂၀၁၉ ခုနှစ် မတ်လတွင် အာကာသသို့ ဝင်ရောက်ခဲ့ပြီး ယမန်နေ့က မော်စကို စံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် နိုင်ငံတကာအာကာသစခန်းမှ ပြန် လည်ထွက်ခွာလာခဲ့သည်။


အဆိုပါ အာကာသယာဉ်သည် မော်စကိုစံတော်ချိန် ၁၄:၀၀ နာရီတွင် ကာဇက်စတန်နိုင်ငံ၏ မြေပြင်ပေါ်သို့ အောင်မြင်စွာ ပြန်လည်ဆင်းသက်လာ နိုင်ခဲ့ကြောင်း၊ ယင်းအာကာသယာဉ် တွင် အာကာသယာဉ်မှူး သုံးဦးပါဝင် ကြောင်း၊ ၎င်းတို့မှာ ရုရှားအာကာသ ယာဉ်မှူး အလက်စကီအော့်ချီနင်၊ အမေရိကန်အာကာသယာဉ်မှူး နစ်ခ် ဟိတ်ခ်နှင့် အာရပ်စော်ဘွားများပြည် ထောင်စု(ယူအေအီး) အာကာသယာဉ် မှူး ဟက်ဇာမန်ဆောရီတို့ဖြစ်ကြောင်း သိရသည်။

 


ရုရှား အာကာသယာဉ်မှူးနှင့် အမေရိကန် အာကာသယာဉ်မှူးတို့ သည် နိုင်ငံတကာအာကာသစခန်း တွင် ၂၀၃ ရက်ကြာ နေထိုင်ခဲ့သည်။ လူလိုက်ပါလာသော အမ်အက်စ်-၁၂ အာကာသယာဉ်သည် စက်တင်ဘာလ ကုန်တွင် နိုင်ငံတကာအာကာသ စခန်း၌ ရှစ်ရက်ကြာ သိပ္ပံပညာရပ် များကို လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သည်။


နိုင်ငံတကာအာကာသစခန်းတွင် နောက်ထပ် ရုရှား၊ အမေရိကန်နှင့် အီတလီအာကာသယာဉ်မှူး ခြောက်ဦး ကျန်ရှိနေကြောင်း သိရသည်။ ၂၀၂၀ တွင် နိုင်ငံတကာအာကာသစခန်းသို့ အမ်အက်စ်-၁၆ အာကာသယာဉ်ဖြင့် ထပ်မံသွားရောက်ရန် စီစဉ်ထား ကြောင်း သိရသည်။

ဆင်ဟွာ