၆  အောက်တိုဘာ

အီးယူမှ ဗြိတိန်နုတ်ထွက်ရေး နှောင့်နှေးကြန့်ကြာမှုများမှ ရှောင်ရှားလိုလျှင် လာမည့်သီတင်းပတ်အတွင်း ဘရီးဇစ်မူကြမ်းကို အီးယူနှင့် ဗြိတိန်တို့ သဘောတူညီမှုရရှိရန် လိုအပ်သည်ဟု သံတမန်များက သတိပေးထားသည်။

လာမည့် သောကြာနေ့တွင် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားမှုမှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အစိုးရအဖွဲ့အတွက် ရာဇသံတစ်ခုမဟုတ်ကြောင်း ဥရောပအရာရှိများက ပြောသည်။ အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပမည့် ဥရောပကောင်စီညီလာခံတွင် ပြသရန်အတွက် ဗြိတိန်နှင့်အီးယူမှ စေ့စပ်ညှိနှိုင်းသူများသည် ပူးတွဲသဘောတူညီချက်ရရှိရန် လိုအပ်လာသည်။ အသေးစိတ် သဘောတူညီချက်စာချုပ်မှာ အချိန်မီပြီးစီးနိုင်ခြင်း ရှိ မရှိကို ဥရောပသံတမန်များက သံသယဝင်ကြသည်။

အကယ်၍ သတ်မှတ်ထားသည့် အချိန်အတွင်း အချိန်မီ မပြီးစီးခဲ့ပါက ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် နောက်ထပ်အချိန်တိုးချဲ့ပေးရန် တောင်းဆိုခြင်း သို့မဟုတ် အောက်တိုဘာ ၃၁ ရက်တွင် စာချုပ်မရှိဘဲ နုတ်ထွက်ခြင်းမျိုး ပြုလုပ်နိုင်သည်။

အေအက်ဖ်ပီ