၆ အောက်တိုဘာ
အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပမည့် ဂျပန်ဧကရာဇ် နာယူဟီတို၏ နန်းတက်ပွဲမတိုင်မီ အစမ်းလေ့ကျင့်မှုကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဂျပန်အစိုးရ ဝန်ထမ်းများနှင့် ရဲများပါဝင်ခဲ့ကြောင်း သိရသည်။
တိုကျိုမြို့တော်ရဲဌာနနှင့် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက ၎င်းတို့ပါဝင်ဆောင်ရွက်ရမည့် အခန်း ကဏ္ဍများကို ယနေ့နံနက်ပိုင်းက တစ်နာရီခန့် အစမ်းလေ့ကျင့်ခဲ့ကြပြီး အဆိုပါ ယာဉ်တန်း လှည့်လည်မှုများနှင့် လမ်းများ ပိတ်လျက်ရှိကြောင်း သိရသည်။
ရဲကားများ၊ ဘေးတွဲပါမော်တော်ဆိုင်ကယ်များ အပါအဝင် ယာဉ် ၅၀ ခန့်သည် လမ်းညာဘက်ခြမ်းတွင် အနှေးမောင်းနှင် အစမ်းလေ့ကျင့်နေကြပြီး လမ်းဘယ်ဘက်ခြမ်းတွင် ကားများပုံမှန်အတိုင်း သွားလာမောင်းနှင်လျက်ရှိသည်။ အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပမည့် စစ်ရေးပြအခမ်းအနားကို ဘုရင့်နန်းတော်တွင် ကျင်းပမည်ဖြစ်သည်။ ဂန္ဓမာပန်း အမှတ်သကေင်္တနှင့် ဘုရင့်အလံပါသော အမိုးဖွင့်ဇိမ်ခံကားပေါ်တွင် ဧကရာဇ်နှင့်မိဖုရား လိုက်ပါမည်ဖြစ်သည်။
သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါမော်တော်ယာဉ်တန်း၏ အရှိန်နှင့် တစ်စီးချင်း အကွာအဝေးကို အသေအချာ စစ်ဆေးခဲ့ပြီး အဆိုပါ အခမ်းအနား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန်အတွက် လေ့ကျင့်ပြင်ဆင်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်


