ဘဂ္ဂဒတ် ၇ အောက်တိုဘာ
အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒတ်နှင့် အခြားသော ပြည်နယ်များ၌ ငါးရက်ကြာအောင် ဖြစ်ပွားခဲ့သည့် အပြင်းအထန် ဆန္ဒပြမှုများအတွင်း သေဆုံးသူ ၁၀ဝ နီးပါးရှိလာပြီး လူ ၄၀ဝ၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
အီရတ် လူ့အခွင့်အရေးဆိုင်ရာ လွတ်လပ်သော မဟာမင်းကြီးရုံးမှ အဖွဲ့ဝင် အလီအယ်လ်ဘာယာတီက ဘဂ္ဂဒတ်နှင့် ပြည်နယ်အချို့တို့တွင် ငါးရက်အတွင်း ဖြစ်ပွားသည့် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက် လုပ်ဆောင်မှုများတွင်း လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် သေဆုံးသူ ၉၉ ဦးအထိ ရှိလာကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများ ၃၉၉၁ ဦးရှိပြီး အများစုမှာ ဆန္ဒပြသူများအဖြစ်သည်ဟု ၎င်းက ပြောသည်။ ဘဂ္ဂဒတ် အရှေ့ပိုင်းတွင် အောက်တိုဘာ ၅ ရက်အစောပိုင်းက ဖြစ်ပွားမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျည်ဆန်အစစ်များ၊ မျက်ရည်ယိုဗုံးများဖြင့် လူအုပ်အတွင်းသို့ ပစ်ခတ်ကာ လူစုခွဲခဲ့သည့်အတွက် ဆန္ဒပြသူ ငါးဦးသေဆုံးခဲ့ရကြောင်း အလီဘယ်လ်တာယာတီက ထောက်ပြခဲ့သည်။
အီရတ်တောင်ပိုင်း အယ်လ်ကွက်စီယာပြည်နယ် ဒိုင်ဝါနီယာမြို့တွင် ဖြစ်ပွားသည့် ဆန္ဒပြမှုများအတွင်း အစိုးရအဆောက်အအုံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆန္ဒပြသူ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


