၇ အောက်တိုဘာ
ဂျပန်ငါးလုပ်ငန်း အေဂျင်စီတစ်ခုမှ သင်္ဘောတစ်စင်းနှင့် မြောက်ကိုရီးယား ငါးဖမ်းရေယာဉ် တစ်စင်းတို့သည် ဂျပန်ပင်လယ်ပြင်တွင် တိုက်မိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောခဲ့သည်။
ယနေ့နံနက်ပိုင်း ဒေသစံတော်ချိန် ၉ နာရီခန့်က အီရှီကာဝါစီရင်စု နိုတိုကျွန်းဆွယ် အနောက်မြောက်ဘက် ၃၅၀ ကီလိုမီတာ အကွာတွင် အဆိုပါ ရေယာဉ်နှစ်စီး တိုက်မိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်အရ မြောက်ကိုရီးယား ရေယာဉ်တွင် ရေများဝင်ရောက်လျက်ရှိပြီး ရေယာဉ်ဝန်ထမ်း ၂၀ ခန့်သည် ရေထဲသို့ လွင့်စင်သွားကြောင်းနှင့် အခင်းဖြစ်ပွားရာနေရာတွင် သွားရောက်စုံစမ်းရန် ကင်းလှည့်ရေယာဉ်တစ်စင်း စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်


