ဝါရှင်တန် ၆ အောက်တိုဘာ

 

အီရန်အစိုးရနှင့် ဆက်နွှယ်မှုရှိသည့် ဟက်ကာအဖွဲ့တစ်ဖွဲ့က အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ပစ်မှတ်ထား တိုက်ခိုက်နေ ကြောင်း အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ပြောကြားခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။

 

ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများအတွင်း ဟက်ကာများ၏ တိုက်ခိုက်မှုရှိခဲ့ကြောင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီက အောက်တိုဘာ ၄ ရက်က အင်တာနက်တွင် ရေးသားဖော်ပြခဲ့သည်။

 

အထူးသီးသန့် ပိုင်ဆိုင်သုံးစွဲနေသည့် အင်တာနက် အကောင့်ပိုင်ရှင်များ၏ အင်တာနက်အကောင့်များကို သိရှိနိုင် ရေးအတွက် ဖော့စ်ဖော့ရပ်စ်အမည်ရှိ အဖွဲ့အစည်းတစ်ခုက အကြိမ်ပေါင်း ၂၇၀၀ တိုက်ခိုက်ခဲ့ကြောင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ပြောကြားသည်။

 

ဟက်ကာများ၏ တိုက်ခိုက်ခံရသည့် ရွေးကောက်ပွဲ မဲဆွယ်ရေးအဖွဲ့များ၏ အမည်ကိုမူ မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ရွေးကောက်ပွဲ စည်းရုံးရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရအရာရှိများနှင့် သတင်းမီဒီယာ သမားများနှင့် ဆက်စပ်သော အကောင့်များကို ယင်းဟက်ကာ အဖွဲ့က ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားသည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြန်လည်အရွေးခံရရေး မဲဆွယ်စည်းရုံးမှုကို ဟက်ကာများက တိုက်ခိုက်ခဲ့ကြောင်း သတင်းဌာနအချို့က ပြောကြားသည်။


အီရန်၏ ဒုံးကျည်ထိန်းချုပ်မှုစနစ်ကို ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ်ကို အမေရိကန်စစ်ဘက်က စတင်ခဲ့ ကြောင်း အမေရိကန် သတင်းဌာနများက ယခုနှစ် ဇွန်လအတွင်းက ဖော်ပြခဲ့ကြသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
သာဘာပြန်-ဇော်ဝင်း