ဟနွိုင်း ၈ အောက်တိုဘာ


ဗီယက်နမ်နိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးမှာ အရှေ့တောင်အာရှ တွင် ဒုတိယကြီးထွားမှု အမြန်ဆုံး ဈေးကွက် ဖြစ်လာကြောင်း ဂူဂဲလ်၊ Temasek နှင့် အမေရိကန် အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ စီမံ ခန့်ခွဲမှုအကြံပေးကုမ္ပဏီ ဘိန်းတို့ ၏ မကြာသေးမီက ပြုလုပ်ထား သည့်အစီရင်ခံစာအရ သိရသည်။ ဗီယက်နမ်နိုင်ငံ၏ အင်တာနက် စီးပွားရေးမှာ ၂၀၁၉ တွင် အမေရိ ကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထား သည်။


၂၀၁၅ ခုနှစ်မှ စတင်ကာ ပုံမှန်တိုးတက်မှုနှုန်းမှာ ၃၈ ရာခိုင် နှုန်းခန့်ရှိပြီး ၂၀၂၅ တွင် ၄၃ ဘီလီ ယံအထိ တိုးလာမည်ဟု ခန့်မှန်း ထားကြောင်း ၂၀၁၉ ခုနှစ်အတွက် အရှေ့တောင်အာရှ စီးပွားရေးအစီ ရင်ခံစာတွင် ဖော်ပြမှုကို ကိုးကား ကာ ဒေသတွင်း သတင်းစာဖြစ် သည့် ဗန်အိတ်စပရက်စ်အွန်လိုင်း သတင်းစာတွင် တင်ပြထား သည်။


အရှေ့တောင်အာရှဒေသ တွင် အဓိကဈေးကွက်ကြီး ခြောက်ခုရှိပြီး ၎င်းတို့မှာ အင်ဒိုနီး ရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာ ပူ၊ ထိုင်း၊ ဗီယက်နမ်တို့ဖြစ်ကြသည်။ အွန်လိုင်းမှတစ်ဆင့် ခရီးသွား လုပ်ငန်းဆောင်ရွက်ခြင်း၊ အွန်လိုင်း မီဒီယာ၊ အီလက်ထရောနစ် စီးပွား ရေး၊ ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ဝန်ဆောင်မှုတို့မှာ အဓိကအလုပ် များသည့် လုပ်ငန်းများဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် တင်ပြ ထားသည်။


ဒေသတွင်း၌ အင်ဒိုနီးရှား နိုင်ငံမှာရှေ့ဆုံးမှ ဦးဆောင်နေသည့် နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစကာ ပျမ်းမျှ နှုန်းထားမှာ ၃၃ ရာခိုင် နှုန်းတိုးကြောင်း သိရသည်။


ဆင်ဟွာ