ဒမတ်စကတ် ၈ အောက်တိုဘာ


ဆီးရီးယားမြောက်ပိုင်းမှ အမေရိကန် တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားတော့မည် ဟု အိမ်ဖြူတော်က အောက်တိုဘာ ၆ ရက် ညတွင် ကြေညာခဲ့သည်။ ကာ့ဒ်တပ်ဖွဲ့ဝင်များကို တူရကီတို့ က စစ်ဆင်ရေးဆင်နွှဲတော့မည် ဖြစ်ရာ အမေရိကန်ဘက်မှ ပါဝင် စွက်ဖက်ခြင်းပြုမည်မဟုတ်ဟု သိရ သည်။ ကာ့ဒ်တပ်ဖွဲ့များသည် အမေရိ ကန်၏ အဓိကမဟာမိတ်အဖြစ် သတ်မှတ်ခံထားရသည့် အဖွဲ့လည်း ဖြစ်သည်။ အိုင်အက်စ် အကြမ်းဖက် အုပ်စုကို နှိမ်နင်းရာ၌ ကာ့ဒ်စစ်သွေး ကြွများသည် အဓိက နေရာမှပါဝင်ခဲ့ သည်။


သို့သော် တူရကီကမူ ကာ့ဒ် တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည်။ တူရကီ-ဆီးရီး ယားနယ်စပ်တွင် အမေရိကန်တပ်ဖွဲ့ ဝင်များ ရာနှင့်ချီ၍ တပ်ဖြန့်ထားပြီး ယခုအခါ အဆိုပါတပ်ဖွဲ့ဝင်များသည် စတင်ဆုတ်ခွာတော့မည် ဖြစ်သည်။ ကာ့ဒ်တပ်ဖွဲ့ဝင်များကမူ အမေရိကန် တပ်ဖွဲ့ဝင်များ ဆုတ်ခွာမှုကို ရှုတ်ချ ခဲ့ပြီး အမေရိကန်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို စွန့်ခွာလိုက်ခြင်း ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက လည်း တူရကီတပ်ဖွဲ့ဝင်များက ကာ့ဒ် တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါက တူရကီ၏ စီးပွားရေးကို ထိခိုက်အောင်ပြုလုပ်မည်ဟု အမေရိ ကန်သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့ သည်။ သို့သော် အောက်တိုဘာ ၆ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည့် အိမ်ဖြူ တော်၏ ထုတ်ပြန်ချက်တွင်မူ ကာ့ဒ် တပ်ဖွဲ့ဝင်များ၏ အကြောင်းမပါဝင် ခဲ့ပေ။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် တူရကီသမ္မတ ရီဆက်တေ ရစ်အာဒိုဂန်တို့ကြား တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် ယခုလိုထုတ်ပြန် ကြေညာချက် ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။ ဆီးရီးယားနိုင်ငံ မြောက် ပိုင်းတွင် ကာလရှည်ကြာစီစဉ်ထား သည့် စစ်ဆင်ရေးပြုလုပ်နိုင်ရေး အတွက် တူရကီတပ်များ မကြာမီ ပြောင်းရွှေ့တော့မည်ဟု အိမ်ဖြူတော် ၏ ကြေညာချက်တွင်ပါဝင်သည်။ အဆိုပါ စစ်ဆင်ရေးတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ပါဝင်စွက်ဖက်ခြင်းပြုမည်မဟုတ်ဟုသိရသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကာ့ဒ်များ ဖမ်းဆီးထား သော အိုင်အက်စ်တိုက်ခိုက်ရေးသမား ၏ တာဝန်ကိုလည်း တူရကီက ယူရလိမ့်မည်ဟု အိမ်ဖြူတော်က ပြောသည်။

ဘီဘီစီ