၈ အောက်တိုဘာ
ပြီးခဲ့သည့် သုံးနှစ်က ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ ဂျပန်ကျောင်းသားတစ်ဦး သတ်ဖြတ်မှု သံသယရှိသူ တစ်ဦးကို လွှဲပြောင်းပေးအပ်ရန် ပြင်သစ်အာဏာပိုင်များက ချီလီနိုင်ငံကို တောင်းဆိုခဲ့သည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ဘီဆန်ကွန်တွင် စာလေ့လာနေစဉ် နာယူမီ ကူရိုဆာကီ ပျောက်ဆုံးသွားခဲ့သည်။
သူမ၏ ရုပ်အလောင်းကို မတွေ့ရှိခဲ့သော်လည်း သူမ၏ ရည်းစားဟောင်း နီကိုလပ်စ် ဇီပီဒါ က သတ်ဖြတ်ခဲ့သည်ဟု ပြင်သစ်နိုင်ငံရှိ စုံစမ်းစစ်ဆေးသူများက ယုံကြည်ကြသည်။
ယင်းနောက်တွင် လူသတ်မှု တရားခံအဖြစ် ယုံကြည်ရသူ အသက် ၂၈ နှစ်အရွယ် ချီလီနိုင်ငံသားသည် သူ၏နိုင်ငံသို့ ပြန်သွားခဲ့သည်။
ပြင်သစ်အာဏာပိုင်များက နီကိုလပ်စ် ဇီပီဒါ ကို စုံစမ်းမေးမြန်းရန် ချီလီနိုင်ငံသို့ ဧပြီလက သွားရောက်ခဲ့သည်။
တရားခံ လွှဲပြောင်းပေးအပ်ရန် တောင်းဆိုမှုကို ဤရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အကြီးတန်း စုံစမ်းစစ်ဆေးသူ တစ်ဦးက ပြင်သစ်မီဒီယာကို ပြောကြားခဲ့သည်။
သို့သော်လည်း ချီလီနိုင်ငံ အနေဖြင့် တရားခံ လွှဲပြောင်းဖွယ်မရှိဟု သက်သေခံ မရှိမှုကို ကိုးကားကာ မီဒီယာ က ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


