၈ အောက်တိုဘာ

 

 

ထရီပိုလီမြို့တော်ရှိ ကုလသမဂ္ဂ ကျောထောက်နောက်ခံ အစိုးရအဖွဲ့နှင့် အရှေ့အခြေစိုက် သူပုန်အုပ်စုတို့အကြား ပဋိပက္ခဖြစ်ပွားကာ ယမန်နေ့က ၎င်းမြို့တော် တောင်ပိုင်းရှိ ဆေးရုံတစ်ရုံ လေကြောင်းတိုက်ခိုက်ခံရသဖြင့် ဆရာဝန်တစ်ဦး သေဆုံးခဲ့ပြီး အကူသူနာပြု နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒေါက်တာ ဆာမာ ဆူလာမန် အယ်လ်ဆိုင်ဘိုင် သေဆုံးခဲ့ပြီး အကူသူနာပြု နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာချက် တစ်ခုတွင် ကျန်းမာရေးဝန်ကြီးဌာန က ဖော်ပြထားသည်။

 

 

ဆေးရုံကို တိုက်ခိုက်ခြင်းသည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်ဟုဆိုကာ ယင်းသို့လေကြောင်းတိုက်ခိုက်မှုကို ထိုထုတ်ပြန်ကြေညာချက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

 

 

ထိုလေကြောင်း တိုက်ခိုက်မှုသည် အရှေ့အခြေစိုက် စစ်တပ်၏ တိုက်ခိုက်မှုဖြစ်ကြောင်း ကုလကျောထောက်နောက်ခံအစိုးရ က စွပ်စွဲပြောဆိုသည်။

 

 

ကမာ္ဘ့ကျန်းမားရေး အဖွဲ့က သတိပေး တားမြစ်ချက်များ ရှိသော်လည်း မြို့တော်ထရီပိုလီရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများမှာ ယင်းကဲ့သို့ တိုက်ခိုက်မှုကို ယခင်ကလည်း ခံခဲ့ရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို