နေပြည်တော် ၈  အောက်တိုဘာ

 

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီက နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-ဟိုဆိုင်းကူးတို့ဆိပ်လမ်း၊ ဟိုဆိုင်းကျေးရွာအဝင်လမ်းပေါ်တွင် ရီအုန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၇၆ ပြား သိမ်းဆည်းရမိခဲ့သည်။

           

အလားတူ ယင်းနေ့ နံနက် ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာနေ ဆာပြန်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၈၀ဝ ၊ ဘိန်းဖြူ ၂၆၄ ဒသမ ၅ ဂရမ်၊ ဘိန်းစိမ်း ၁ ကီလို၊ လုပ်သေနတ် တစ်လက်၊ ၎င်းကျည် ၃ တောင့်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း

           

ထို့အတူ ည ၈ နာရီခွဲက ပန်ဆိုင်း(ကြူကုတ်) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဘောလုံးကွင်း လမ်းကြားနေ ကျန်းဆေးရှော့၏နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၆၂ ကီလို  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)