၈ အောက်တိုဘာ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နံနက်စာထဲမှာ ဆံပင်တစ်ချောင်း ပါလာတဲ့အတွက် ဇနီးကို အင်အားသုံးပြီး ကတုံးတုံးခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

 

နံနက်စာ နွားနို့ထမင်းထဲမှာ ဆံပင်ပါတဲ့အတွက် နံနက်စာပြင်ဆင်ပေးတဲ့ အသက် ၂၃ နှစ်အရွယ် ဇနီးကို ကတုံးတုံးခဲ့ကြောင်း၊ အဲဒီအမျိုးသားကို ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ရဲအရာရှိက ပြောပါတယ်။

 

ဒီအဖြစ်အပျက်ဟာ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတွေအပေါ် ဖိနှိပ်ခံရမှုကို မီးမောင်းထိုးပြသလိုဖြစ်တယ်။ အမျိုးသမီးတွေကို တရားဥပဒေအရ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို အကာအကွယ်ပေးနေပေမယ့် ဖိနှိပ်မှုတွေက ကြီးထွားနေဆဲဖြစ်တယ်လို့ အခွင့်အရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

 

အခွင့်အရေးလှုပ်ရှားသူတွေက ဆက်ပြောရာတွင် ဇန်နဝါရီကနေ ဇွန်လအတွင်း အမျိုးသမီးပေါင်း ၆၃၀ ဟာ မုဒိန်းကျင့်ခံရပြီး ၃၇ ဦးဟာ အသတ်ခံခဲ့ရပါတယ်။ အမျိုးသမီး ၇ ဦးကနေ ကိုယ့်ကိုကိုယ်သတ်သေခဲ့ကြပါတယ်။ မုဒိန်းကျင့်ဖို့ ကြိုးစားမှုပေါင်း ၁၀၅ မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP