၈ အောက်တိုဘာ

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အိုင်အက်စ်တွေကို တိုက်ခိုက်ရန် တူရကီအနေနဲ့ ပြင်ဆင်နေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဒီကနေ့(အင်္ဂါနေ့) မှာ ပြောကြားလိုက်ပါတယ်။

 

ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွတွေကို တိုက်ခိုက်မယ်လို့ တူရကီအစိုးရက အကြိမ်ကြိမ် ပြောဆိုနေခဲ့ပါတယ်။ ကာ့ဒ်စစ်သွေးကြွတွေနဲ့ တူရကီနိုင်ငံက ခွဲထွက်ရေးသမားတွေကြားမှာ ဆက်နွယ်မှုရှိနေပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တူရကီနဲ့ ဆီးရီးယားနယ်စပ်ပေါ်ရှိ အမေရိကန်တပ်တွေကို ရုပ်သိမ်းမယ်လို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပြောဆိုပြီးနောက် တူရကီသမ္မတကို ဖုန်းခေါ်ပြီး ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ ဆီးရီးယားနယ်စပ်မှာ အမေရိကန်တပ်သား ၁၀ဝ၀ ချထားရာကနေ နှစ်ဒါဇင်နီးပါးသော တပ်သားတွေကို နိုင်ငံကို ပြန်ခေါ်ပြီးပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အကြီးအကဲတစ်ဦးက ပြောပါတယ်။

 

mdn

 

ဆီးရီးယားမြေပေါ်က အမေရိကန်တပ်တွေကို ရုပ်သိမ်းမယ်ပြောဆိုပြီးနောက်ပိုင်း သမ္မတဒေါ်နယ်ထရန့် ဟာလည်း နိုင်ငံတွင်းမှာ အကြီးအကျယ် ဝေဖန်ခံ နေရပါတယ်။ တူရကီဟာ လိုအပ်တာထက် ပိုလုပ်ခဲ့မယ်ဆိုရင် သူ့ရဲ့ စီးပွားရေးရပ်ဆိုင်အောင် လုပ်ရမယ်လို့ အမေရိကန်သမ္မတကတွစ်တာမှာ ရေးသားထားပါတယ်။

 

အမေရိကန်သမ္မတရဲ့ ခြိမ်းခြောက်မှုကို တူရကီဒုသမ္မတ ဖို့အော့တေးက တူရကီနိုင်ငံက ခြိမ်းခြောက်မှုရှိတဲ့အတွက် မလုပ်ဖူးဆိုတဲ့နိုင်ငံမဟုတ်ဘူး။ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ကိုယ့်ဟာကို လျှောက်မယ်လို့ သမ္မတကလည်း အမြဲပြောပါတယ်လို့  ဒုသမ္မတက ပြောဆိုလိုက်ပါတယ်။

 

mdn

 

တူရကီနိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ “လုံခြုံရေးဇုန် “ တစ်ခုဖော်ဆောင်ချင်ပါတယ်။ အဲဒီလုံခြုံရေးဇုန်ကနေ ၈နှစ်ကြာပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာတဲ့ ဆီရီးယားဒုက္ခသည် ၃ ဒသမ ၆ သန်းကို မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ တူရကီနိုင်ငံက မျှော်လင့်နေပါတယ်။

 

ဆီးရီးယားအစိုးရကို ထောက်ခံတဲ့ အီရန်နိုင်ငံက တူရကီရဲ့ စစ်ရေးပြင်ဆင်မှုကို ဒီကနေ့ ရှုတ်ချလိုက်ပါတယ်။

 

MDN

ကိုးကား - AFP

 

mdn