လင်းဘတ်ဂျ် ၉ အောက်တိုဘာ


လင်းဘတ်ဂျ်မြို့တွင် ဖြစ်ပွားခဲ့ သည့် မော်တော်ကားတိုက်မှုမှာ အကြမ်းဖက်မှုအဖြစ် စစ်ဆေးခံနေရကြောင်း လုံခြုံရေးဆိုင်ရာ သတင်း ရင်းမြစ်တစ်ခုမှ ဂျာမနီမီဒီယာသို့ ပြောသည်။


အောက်တိုဘာ ၇ ရက်တွင် လူတစ်ဦးသည် လော်ရီကားကို အပိုင်စီးလာပြီး မီးပွိုင့်တွင် စောင့်ဆိုင်း နေသည့် ယာဉ်ရှစ်စီးကို ဝင်တိုက် လိုက်သည်။ ထို့ကြောင့် လူရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ခုနစ်ဦးမှာ ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ အဆိုပါ ယာဉ်တိုက်မှု အတွက် အသက် ၃၂ နှစ်အရွယ်လူတစ်ဦးကို သံသယရှိသူအဖြစ် ဖမ်းဆီးထားသည်။ ၎င်းသည် ဆီးရီးယားမှ ရွှေ့ပြောင်းလာသူဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဂျာမနီသို့ ရောက်ရှိ လာသူဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ပြောသည်။


အဆိုပါယာဉ်တိုက်မှုမှာ အကြမ်း ဖက်မှုဖြစ်သည်ဟု သံသယရှိသည့်အတွက် စစ်ဆေးမှုများပြုလုပ်နေ ကြောင်း ZDF သတင်းဌာနက ပြော သည်။ သို့သော် ပြည်ထဲရေးဝန်ကြီး ဌာနဝန်ကြီး ဟိုရက်စ် ဆီဟိုဖာကမူ အဆိုပါဖြစ်ရပ်မှာ အကြမ်းဖက်မှု ဟုတ်မဟုတ်ကို မပြောနိုင်သေး ကြောင်း အောက်တိုဘာ ၈ ရက် တွင်ပြောကြားခဲ့သည်။

 

လော်ရီကား ပိုင်ရှင်ကမူ လူတစ်ဦးသည် ၎င်းကို ကားအတွင်းမှ ဆွဲထုတ်ခဲ့ပြီး ကားတံခါးဖွင့်ရန်လည်း အတင်းဖိအားပေး ခံရကြောင်း FNP သတင်းဌာနကို ပြောကြားခဲ့သည်။ ဘာလိုချင်သလဲ မေးမြန်းခဲ့သော် လည်း လော်ရီကားကို လုယက်ခဲ့သူ မှာ မည်သည့်စကားကိုမျှ မပြောဘဲ ၎င်းကို ကားအတွင်းမှ ဆွဲထုတ်ခဲ့ကြောင်း ဆက်လက်ရှင်းပြခဲ့သည်။

 

မကြာသေးခင် နှစ်များအတွင်း ဂျာမနီနိုင်ငံသည် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကြုံတွေ့နိုင်ဖွယ်ရှိသည်ဟု သတိပေးမှု အမြင့်ဆုံး ထုတ်ပြန်ထားရသည်။ ကြောက်မက် ဖွယ်အကောင်းဆုံး တိုက်ခိုက်မှုမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ဘာလင်မြို့ ခရစ္စမတ်ဈေးအတွင်းသို့ လော်ရီကားတစ်စီး ဝင်တိုက်ခဲ့ပြီး လူပေါင်း ၁၂ ဦး သေဆုံးခဲ့ရမှု ဖြစ်သည်။

ဘီဘီစီ