၉ အောက်တိုဘာ
အီရန်အမျိုးသမီးတွေ ဘောလုံးကစားပွဲကြည့်ရန် အားကစားကွင်းထဲကို လွတ်လွတ်လပ်လပ် ဝင်နိုင်ပြီ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် အစ္စလမ်မစ် တော်လှန်ရေးကစပြီး အရွယ်ရောက်ပြီး အမျိုးသမီးများကို ဘောလုံးကွင်းနဲ့ တခြားအားကစားကွင်းထဲကို ဝင်ခွင့်မရတော့တာ ဖြစ်ပါတယ်။
အားကစားကွင်းများဟာ အမျိုးသားများ အတွက်သာဆိုတဲ့ အငြင်းပွားစရာကောင်းတဲ့ ဥပဒေကြောင့် ဖီဖာအဖွဲ့က အီရန်နိုင်ငံကို အမျိုးသမီးများလည်း အားကစားပွဲစဉ်ကြည့် လက်မှတ်တွေကို လွတ်လွတ်လပ်လပ် ဝယ်ယူခွင့်ပေးရန် ပြောဆိုပြီးနောက်ပိုင်း အခုလို အမျိုးသမီးတွေ ဝင်ခွင့်ရရှိလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အီရန်နဲ့ ကမ္ဘောဒီးယား အသင်းတို့ တီဟီရန်မှာ ကစားခဲ့ရာ အမျိုးသမီး ၃၅၀ဝ ဟာ ဘောလုံးကစားပွဲကို ကြည့်ခွင့်ရခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က နိုင်ငံတွင်း ဘောလုံးကလပ်အသင်း ပြိုင်ပွဲမှာ ဆာဟာ ကိုဒါရာရီဟာ သူမ အားပေးတဲ့ အသင်းရဲ့ ကစားပွဲကို ကြည့်ရှူ့ရန် ယောကျာ်းလေးတစ်ဦးလို ဝတ်ဆင်ပြီး အားကစားကွင်းထဲကို ဝင်ရောက်ရာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဆာဟာ ဟာ တရားရင်ဆိုင်နေရင်း ထောင်ဒဏ်ချမှတ်ခံမှာကို စိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့လက တရားရုံးရှေ့မှာ ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေခဲ့ပါတယ်။
ဒီအဖြစ်အပျက် နောက်ပိုင်းမှာ ဖီဖာအဖွဲ့အား အီရန်အသင်းကို ကစားခွင့်မရှိအောင် ပိတ်ပင်ရေး ကျယ်ကျယ်လောင်လောင် တောင်းဆိုရာမှ အခုလို အီရန် အမျိုးသမီးတွေ အားကစားပွဲတွေကို ကြည့်ရှူ့ခွင့် ရရှိလာတာ ဖြစ်ပါတယ်။
MDN
ကိုးကား-AFP



