မြိတ် အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နောက်လယ်ရပ်ကွက်(၁)လမ်းရှိ ဦးထွေးဝေ ပိုင်ဆိုင်သော အလျား (၄၀)ပေ၊ အနံ(၅၀)ပေ အုတ်ကာ၊ ကွန်ဂရစ်ခင်း၊ တစ်ထပ်(ထပ်ခိုးပါ) OK ဆန်အရောင်းဆိုင်တွင် အောက်တို ဘာလ(၉)ရက် နံနက်(၆)နာရီခန့်က မီးထိန်းစက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလန့်မှုဖြစ်ပွားခဲ့သည်။
ဆန်ဆိုင်အတွင်းရှိ မီးထိန်းစက် အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ရာ ဆန်ဆိုင်ဝန်ထမ်းမှ ဆိုင် ရှိ DCP(5)Kg မီးသတ်ဆေးဘူး အသုံးပြုကာ ကနဦး ငြှိမ်းသတ်ထားကြောင်း၊ မီးထိန်းစက် အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်မှု ကြောင့် မီးထိန်းစက်နှင့် ဝါယာကြိုးအနည်းငယ် ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ သတင်းအား ပြည်သူတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့ ဖုန်းသတင်းပေးသဖြင့် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ်(၃)စီး စုစုပေါင်း(၁၅)စီးဖြင့် မြိတ်ခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ နှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


