၉ အောက်တိုဘာ
အီရန်နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် အီရန်စစ်မြေပြင်တပ်ဖွဲ့က စစ်ရေးလေ့ကျင့်မှု တစ်ခုကို ဗုဒ္ဓဟူးနေ့က စတင်ပြုလုပ်ခဲ့သည်ဟု တက်စ်နင်မ် သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။
တူရကီနယ်စပ်အနီး အဇာဘိုင်ဂျန် အနောက်ဘက် အီရန်နိုင်ငံ၏ အနောက်မြောက်ဘက်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်။
လျင်မြန်သော တုံ့ပြန်မှုယူနစ်များ၊ တိုက်ခိုက်ရေး တပ်ဖွဲ့များနှင့် စစ်မြေပြင်တပ်ဖွဲ့မှ ရဟတ်ယာဉ်များ ပါဝင်ကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြကြောင်း သတင်းများအရ သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် စစ်မြေပြင်တွင် ပေါ့ပါးဖျက်လက်မှု၊ ၎င်းတို့၏ စစ်ရေးအသင့် ပြင်ဆင်မှုနှင့် တိုက်ခိုက်ချေမှုန်းရေး ပြင်ဆင်မှုတို့ အကဲဖြတ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


