နေပြည်တော် ၉ အောက်တိုဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

2

 

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိသည့် စာရင်းများတွင် ကျွန်းသစ် ၁၉၇ ဒသမ ၆၉၅၅ တန်၊ သစ်မာ ၆၅ ဒသမ ၉၆၁၂ တန်၊ အခြားသစ် ၇၀ ဒသမ ၇၇၆၀ တန်ဖြစ်ရာ တရားမဝင်သစ် စုစုပေါင်း ၃၃၄ ဒသမ ၄၃၂၇ တန်၊ ပြစ်မှုကျူးလွန်သူ (၅၃)ဦးနှင့် ယာဉ်/ယန္တရား (၃၉)စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်