မော်စကို ၁၀ အောက်တိုဘာ
ရုရှားနိုင်ငံ၏ ပစိဖိတ်ရေတပ်အုပ်စုသည် နိုင်ငံအရှေ့ပိုင်း၌ စစ်လက်နက် အမျိုးအစားပေါင်း ၅၀ဝ ကျော် ပါဝင်ပြီး စစ်သည်အင်အား ၄၀ဝ၀ ကျော်၊ စစ်လေယာဉ် ၁၅ စင်းနှင့် စစ်သင်္ဘောအများအပြား ပါဝင်သည့် အဓိက စစ်ရေးလေ့ကျင့်မှုတစ်ခုကို ဆောင်ရွက်ခဲ့ရာ ယင်းလေ့ကျင့်မှုကို ကမ်ချက်ကာရေလက်ကြား၌ အဆုံးသတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ဖော်ပြသည်။
လက်တွေ့လေ့ကျင့်မှုများအတွင်း ကမ်းတက်တပ်ဖွဲ့တားဆီးရေး လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အန်-၂၆ လေယာဉ်ပေါ်မှ လေထီးတပ်သားများ ဆင်းသက်ခြင်း၊ ရန်သူ့လေပိုင်နက်ကို ထိန်းချုပ်ခြင်းနှင့် လက်ရဖမ်းဆီးခြင်း လေ့ကျင့်မှုများ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်တွင် ပါရှိသည်။ ရေတပ်ဖွဲ့၏ လေကြောင်းပျံသန်း လေ့ကျင့်မှုများအတွင်း အမ်အိုင်ဂျီ-၃၀ တိုက်လေယာဉ်မှ လေယာဉ်မှူးများ ရေပြင်ပေါ်တွင် အနိမ့်ပျံသန်းမှုနှင့် အမြင့်ပျံသန်းသည့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်များ မြေပြင်ပေါ်ဆင်းသက်မည့် ဧရိယာအတွင်း ဗုံးကြဲလေယာဉ် ချင်းနင်းဝင်ရောက်သည့် လေ့ကျင့်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပစ်မှန်ရှာဖွေသည့် လေ့ကျင့်မှုပြုလုပ်စဉ်တွင်း ကေအေ-၂၉ ထောက်ပို့နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် အမြောက်အမြားကို အသုံးပြုခဲ့သည်။ ရေတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများကို အော်လန်-၁၀ မောင်းသူမဲ့ တင့်ကားများ အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆင်ဟွာ


