နေပြည်တော် ၁၀ အောက်တိုဘာ

 

ယနေ့ နံနက်  မြန်မာစံတော်ချိန် ၇ နာရီ၊ ၁၀မိနစ်၊ ၄၇ စက္ကန့်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ်(၂၂.၇၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၇)ဒီဂရီ၊ အနက်(၈၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

MDN