၁၀ အောက်တိုဘာ
ဆီးရီးယားမြောက်ပိုင်းတွင် တူရကီစစ်တပ်က မြေပြင်စစ်ဆင်ရေး စတင်ဆင်နွှဲခဲ့သည်ဟု တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ ၎င်းတို့သည် ကာ့ဒ်တပ်ဖွဲ့ကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးနှင့် လက်နက်ကိုင် သုံးဦးတို့ သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့များက ဆိုသည်။
၎င်း စစ်တပ်နှင့် ဆီးရီးယား တပ်ဖွဲ့တို့သည် ယူဖရေးတီးမြစ်၏ အရှေ့ဘက်ခြမ်းတွင် မြေပြင်ထိုးစစ် စတင်ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း တူရကီဝန်ကြီးဌာနက တွစ်တာတွင် ယမန်နေ့ညပိုင်းက ရေးသားဖော်ပြထားသည်။
ကာ့ဒ်ဒီမိုကရက်တစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၎င်းတိုက်ခိုက်မှုမှာ လူမဆန်သော တိုက်ခိုက်မှု တစ်ခုဖြစ်ပြီး ကျူးကျော်ရန် စခြင်းဖြစ်ကြောင်း သတင်းထောက်များနှင့် တယ်လီဖုန်း စကားပြောဆိုခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ကာ့ဒ်ပြည်သူများ သာမက ဆီးရီးယားမြောက်ပိုင်း နေထိုင်သူများ အားလုံးကိုပါ ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အမေရိကန် ထောက်ပံ့ပေးထားသော ကာ့ဒ်တပ်ဖွဲ့များသည် ဆီးရီးယားမြောက်ပိုင်းကို ထိရောက်စွာ ထိန်းချုပ်ထားသည်။
တူရကီ စစ်ရေးလှုပ်ရှားမှု တစ်ခုတွင် ထိုဒေသကို လက်နက်ကြီးများဖြင့် ယမန်နေ့ အစောပိုင်းက ပစ်ခတ်ခဲ့ကြသည်။
၎င်းတို့လုံခြုံရေးအတွက် နယ်စပ်အနီးနားရှိ နယ်မြေများမှ ကာ့ဒ်များကို ဖယ်ရှားမည်ဟု တူရကီတို့က ဆိုသည်။
လုံခြုံစိတ်ချရသော ဇုန်တစ်ခု ဖန်တီးပြီး တူရကီရှိ ဆီးရီးယား ဒုက္ခသည်များကို နေရာချထားပေးမည်ဟုလည်း တူရကီတို့က ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


