ငွေဆောင်  ၁၀ အောက်တိုဘာ 

 

ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ သပြေခုံရပ်တောက်ဘက် တောတွင်း(၅)ဖာလုံခန့်တွင် ယနေ့နံနက် ၈ နာရီက တောဆင်ရိုင်းနင်း၍ လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ငွေဆောင် နယ်မြေရဲစခန်းခေတ္တစခန်းမှူး ဒုရဲအုပ်မျိုးဝေဦးနှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ သပြေခုံရပ်နေ ဦးပြားကြီး(ခ) ဦးညွန့်ဝင်း (၄၈)နှစ်ဖြစ်ပြီး နဖူး၊ ပါးစပ်နှင့်မျက်နှာတို့တွင် သွေးထွက်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရ၍ ငွေဆောင်နယ်မြေရဲစခန်းမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မူမူ(ပြန်/ဆက်)